ထားဝယ် ၂၄ မေ
ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နေစဉ်နေစဉ် ကာလအတွင်း တနင်္သာရီတိုင်းဒေသကြီး စက်မှုလယ်ယာ ဦးစီးဌာနက တောင်သူလယ်သမားများ၏ လယ်ယာဝန်ဆောင်မှုလုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရန် ရည်ရွယ်၍ ဌာန၏ စက်ကိရိယာအင်အားဖြင့် အခက်အခဲဖြစ်ပေါ်နေသော တောင်သူလယ်သမားများအား မိုးစပါးအချိန်မီ ထွန်ယက်စိုက်ပျိုးနိုင်ရေးအတွက် သတ်မှတ်ထားသော နှုန်းထားများဖြင့် ကူညီဆောင်ရွက် ပေးနေကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာနက မြို့နယ် (၇) မြို့နယ်တွင် မိုးစပါးမြေပြင်ခြင်း ၁၅၅၀ ဧက၊ ရိတ်သိမ်း ခြွေလှေစက်ဖြင့် ၂၅၆ ဧက နှင့် မြို့နယ် ၄ မြို့နယ်၌ စက်မှုလယ်ယာနည်းစနစ်များဖြင့် စနစ်ကျလယ်ယာမြေ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ၃၉၀ ဧကအား ဆောင်ရွက်ပေးနိုင်ခဲ့ပြီး စက်မှုလယ်ယာ ဦးစီးဌာနရှိ ထွန်စက်ကြီး ၂၃ စီး၊ ရိတ်သိမ်းခြွေလှေ့စက် ၆ စီး၊ ကောက်စိုက်စက် ၂ စီး တို့ဖြင့် မိုးစပါးအချိန်မီ စိုက်ပျိုးနိုင်ရန်အတွက် မြေယာများပြုပြင်ပေးခြင်း၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးပေးခြင်း၊ စက်ကြီးများဖြင့် ရိတ်သိမ်းခြွေလှေ့ပေးခြင်းနှင့် စက်မှုလယ်ယာစနစ်ကျလယ်ယာမြေ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေမှုကြောင့် အခက်အခဲဖြစ်ပေါ်နေသော တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တောင်သူလယ်သမားများ အနေဖြင့် တိုင်းဒေသကြီးစက်မှုလယ်ယာဦးစီးဌာနရုံးနှင့် ၀၅၉.၃၀၂၃၉၀၉/ ၀၉.၄၅၂၆၆၆၆၇၆ / ၀၉.၇၉၈၆၆၉၀၉၂ / ၀၉.၂၅၆၀၀၆၈၀၁ သို့ဆက်သွယ်နိုင်ကြောင်း သိရှိရသည်။
ထားဝယ်(ခရိုင်ပြန်/ဆက်)


