ကျောင်းကုန်း ၂၄ မေ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် လူစည်ကားရာနေရာများ၌ ယနေ့နံနက် ၈ နာရီက နှာခေါင်းစည်းမတပ်သူများအား "ယခုဝယ်ယခုတပ်" အစီအစဉ်ဖြင့် ဒဏ်တပ်အရေးယူခဲ့ကြောင်း သိရသည်။
လူစည်ကားရာနေများဖြစ်သည့် မြို့မဈေးကြီးအနီး၊ ဆေးရုံလမ်းနှင့် မင်းလမ်းထောင့်၊ အိုးဘိုလမ်းဆုံတို့တွင် ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးခဲ့ကြပြီး မေ ၂၁ ရက်မှ ယနေ့အထိ နှာခေါင်းစည်းမတပ်သူ (၇၈)ဦးအား တစ်ဦးလျှင် နှာခေါင်စည်း (၃)ခုလျှင် ငွေကျပ် (၃၀၀၀)နှုန်းဖြင့် ဒဏ်တပ်အရေးယူခဲ့ကြောင်း သိရသည်။
အဆိုပါပူးပေါင်းအဖွဲ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်း ဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းရွှေ၊ မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးကျော်စွာလင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်ဝင်းတို့က လိုက်လံစစ်ဆေး အရေးယူခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)


