ရန်ကုန် ၂၄ မေ 

 

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပေါ်စေရေးနှင့် ကြိုတင်ကာကွယ်စေရေးအတွက် ရည်ရွယ်၍ ယနေ့ နံနက် ၉ နာရီက အံ့ကြီးအနောက်ရပ်ကွက်ဈေးရှိ ဈေးရောင်း၊ ဈေးဝယ်သူများနှင့် ခရီးသွားလာ မိဘပြည်သူများကို အသိပညာပေးလုပ်ငန်းများနှင့် နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေလှူဒါန်းခဲ့ကြသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် အမျိုးသမီးရေးရာ၊ မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ ဂရုဏာကောင်းကင် ပရဟိတအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ ပူးပေါင်း၍ ရပ်ကွက်အတွင်း ဗိုလ်ချုပ်လမ်းမကြီးရှိ ဈေးဆိုင်များ၊ ဈေးသူ၊ ဈေးသားများနှင့် လမ်းသွားလမ်းလာ မိဘပြည်သူများကို ကျန်းမာရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းအခု (၇၀၀) ကို အခမဲ့ပေးဝေခဲ့ကြောင်း သိရသည်။

 

နိုင်လင်းကျော်(ဒလ)