ရန်ကုန် ၂၄ မေ
ရန်ကုန်မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ ပုလဲမြို့သစ်ဆေးရုံသို့ ကိုဗစ်-၁၉ ရောဂါပိုး ဓာတ်ခွဲစမ်းသပ် နမူနာရယူမည့် စမ်းသပ်ခန်း (၃)ခန်း၊ PPE ဝတ်စုံနှင့် နှာခေါင်းစည်းများကို အလှူရှင်များက လာရောက်လှူဒါန်းခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါဆေးရုံတွင် လှူဒါန်းခဲ့သည်။
လှူဒါန်းရာတွင် မင်္ဂလာဒုံမြို့နယ်အဆင့် Coronavirus Disease 2019 (COVID-19) ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းစဉ်များတွင် လိုအပ်သည့် နေရာများတွင် အသုံးနိုင်ရန်အတွက် မင်္ဂလာဒုံမြို့နယ်၊ တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာမိုး(မိသားစု)က ကိုဗစ်-၁၉ ရောဂါပိုး ဓာတ်ခွဲစမ်းသပ်နိုင်ရန်အတွက် နမူနာရယူမည့် စမ်းသပ်ခန်း(၂)ခန်းနှင့် နှာခေါင်းစည်း(၂၀၀)ခု၊ ရွှေစင်စင်္ကြာ ယာဉ်လိုင်းပိုင်ရှင် ဦးမိုးနိုင်က ကိုဗစ်-၁၉ ရောဂါပိုး ဓာတ်ခွဲစမ်းသပ်နိုင်ရန်အတွက် နမူနာရယူမည့် စမ်းသပ်ခန်း(၁)ခန်းနှင့် ဦးရဲလင်းအောင်(ရွှေပြည်သာ)က PPE ဝတ်စုံ(၅၀)စုံတို့ကို လာရောက်လှူဒါန်းရာ ပုလဲမြို့သစ်ဆေးရုံအုပ်ကြီး ဒေါက်တာထွေးထွေးဝင်းနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
မင်္ဂလာဒုံမြို့နယ်အဆင့် Coronavirus Disease 2019 (COVID-19) ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို၊ ဇင်ငြိမ်းအိ (ပြန်/ဆက်)


