မော်လမြိုင်ကျွန်း ၂၄ မေ
မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ အနှေးယာဉ်လုပ်သားကြီးများ COVID-19 ရောဂါကြောင့် စားဝတ်နေရေးအခက်အခဲ မရှိစေရေး ရည်ရွယ်ချက်ဖြင့် နှစ်ဘက်မိဘများ အမှူးထား၍ ကိုအောင်ကျော်မင်း+မဝေဝေနွယ် သား မောင်နေဗလ၊ သမီး မနွယ်ရတီလမင်း "လမင်းသာ-စတိုး" မိသားစုတို့မှ မေ ၂၄ ရက် ညနေ ၄ နာရီက လမင်းသာစတိုးဆိုင်ရှေ့တွင် ငွေကြေးနှင့် စားသောက်ကုန်များ လှူဒါန်းခဲ့သည်။
အဆိုပါလှူဒါန်းပွဲတွင် အနှေးယာဥ်လုပ်သား တစ်ဦးလျှင် ဆန် ၂ ပြည်၊ ဆီ ၆၀ သား၊ ဆား တစ်ထုပ်တို့အား ပေးဝေလှူဒါန်းခဲ့ပြီး ငွေကျပ် ၁၀၀၀၀ ထည့်ထားသည့် စာအိပ် (၅၀)အား မဲစနစ်ဖြင့် လှူဒါန်းသည်။ မြို့နယ်အတွင်း လိုင်စင်ရှိ အနှေးယာဉ်လုပ်သား (၅၀၀)ဦးအား အလှူရှင်မှ ဖြန့်ဝေလှူဒါန်းနိုင်ခဲ့ပြီး အနှေးယာဉ်လုပ်သားကြီးများမှလည်း ငွေကျပ်တစ်သောင်းပါ မဲစနစ်ဖြင့်လက်ခံရရှိ၍ ၀မ်းသာကြည်နူးလျက်ရှိပါကြောင်း ဆိုက်ကားယာဉ်အမှတ် (၅၅၁) ဦးခင်ညိုမှ ပြောကြားသည်။
သီတာအောင်(ပြန်/ဆက်)


