မြဝတီ ၂၄ မေ
ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သားများအား မြန်မာနိုင်ငံမှ မေ ၁ ရက်နေ့မှစပြီး လက်ခံခဲ့ရာ ယနေ့ မေ ၂၄ ရက်တွင် မြဝတီ အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် ၁၁၁၈ ဦး ပြန်လည်ဝင်ရောက်လာခဲ့ကြောင်း သိရသည်။
အဆိုပါ မေ ၂၃ ရက်မှစ၍ ပြန်လည်ဝင်ရောက်လာသူများသည် နှစ်နိုင်ငံအစိုးရ၏ ညှိနှိုင်းမှုဖြင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ အစီအစဉ်ဖြင့် ဘေးကင်းလုံခြုံစွာဖြင့် အခက်အခဲမရှိ ပြန်လည်ဝင်ရောက်လာသူများ ဖြစ်သည်။
အဆိုပါ ပြန်လည်ဝင်ရောက်လာသူများအား ကျန်းမာရေးစစ်ဆေးမှုနှင့် အခြားသောလိုအပ်ချက်များကို ဆောင်ရွက် နိုင်ရန်အတွက် ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သက်လင်းဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုနှင့် သက်ဆိုင်ရာတာဝန်ရှိ သူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြန်လည်ဝင်ရောက်လာသူများအနေဖြင့် မေ ၁ ရက်တွင် ၆၀ ဦး၊ ၂ ရက်တွင် ၅၄ ဦး၊ ၃ ရက်တွင် ၁ ဦး၊ ၄ ရက်တွင် ၄၄ ဦး၊ ၅ ရက်တွင် ၂၃ ဦး၊ ၆ ရက်နှင့် ၇ ရက်နေ့တွင် ဝင်ရောက်ခြင်းမရှိဘဲ မေ ၈ ရက်တွင် ၁၀ဝ ဦး၊ မေ ၉ ရက်တွင် ဝင်ရောက်ခြင်းမရှိဘဲ ၁၀ ရက်တွင် ၄၄ ဦး၊ မေ ၁၁ ရက်တွင် ၁၃ ဦး၊ မေ ၁၂ ရက်တွင် ၄၁ ဦး၊ မေ ၁၃ ရက်တွင် ၁၆ ဦး၊ မေ ၁၄ ရက်တွင် ၃၈ ဦး၊ မေ ၁၅ ရက်တွင် ၁၂၀ ဦး၊ မေ ၁၆ ရက်တွင် ၇၆ ဦး၊ မေ ၁၇ ရက်တွင် ၉၀ ဦး၊ မေ ၁၈ ရက်တွင် ဝင်ရောက်ခြင်းမရှိဘဲ မေ ၁၉ ရက်တွင် ၆၄ ဦး၊ မေ ၂၀ ရက်နှင့် ၂၁ ရက်တွင် ဝင်ရောက်ခြင်းမရှိဘဲ မေ ၂၃ ရက်တွင် ၆၀၄ ဦး၊ ယနေ့ မေ ၂၄ ရက်တွင် ၁၁၁၈ ဦး ပြန်လည်ဝင်ရောက်ခဲ့ပြီး စုစုပေါင်း ၂၅၀၆ ဦးထိ ပြန်လည်ဝင်ရောက်ခဲ့ပြီး ဖြစ်သည်။
အဆိုပါ နေ့အလိုက် ပြန်လည်ဝင်ရောက်သူများအနက် မေ ၁၃ ရက်မှ ၁၅ ရက်နေ့အထိ ပြန်လည်ဝင်ရောက်သူများနှင့် ယနေ့ မေ ၁၇ ရက်တွင် ဝင်ရောက်သူ ၉၀ ဦးအနက် ၄၅ ဦးတို့အနေဖြင့် ထိုင်းနိုင်ငံတွင် ပြစ်ဒဏ် ကျခံရပြီးသော သူများနှင့် အချုပ်မှ ပြန်လည်လွတ်မြောက်လာသူများ ဖြစ်သဖြင့် ထိုင်းနိုင်ငံတာဝန်ရှိသူများက လာရောက်လွှဲပြောင်းပို့ ဆောင်ပေးခြင်း ဖြစ်သည်။
ယနေ့ ပြန်လည်ဝင်ရောက်သူများအနေဖြင့် ကချင်ပြည်နယ်မှ ၁၈ ဦး၊ ကယားပြည်နယ်မှ ၆ ဦး၊ ကရင်ပြည်နယ်မှ ၁၀၅ ဦး၊ ချင်းပြည်နယ်မှ ၁ ဦး၊ မွန်ပြည်နယ်မှ ၁၃၀ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ၇၀ ဦး၊ ပဲခူးတိုင်းဒေသကြီးမှ ၃၁၇ ဦး၊ မကွေးတိုင်းဒေသကြီးမှ ၁၈၁ ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ ၅၈ ဦး၊ မန္တလေးတိုင်းဒေသကြီးမှ ၇၄ ဦး၊ နေပြည်တော်မှ ၄၄ ဦး၊ ရှမ်းပြည်နယ်မှ ၃၉ ဦး၊ တနင်္သာရီမှ ၇ ဦး၊ ရခိုင်ပြည်နယ်မှ ၁၀ ဦးနှင့် ဧရာဝတီတိုင်းဒေသကြီးမှ ၅၈ ဦး စုစုပေါင်း ၁၁၁၈ ဦးဖြစ်ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)


