(၂၅-၅-၂၀၂၀) ရက်နေ့၊ နံနက် (၇:၀၀)နာရီ

၁။ (၂၄-၅-၂၀၂၀) ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ဒုတိယအသုတ်အဖြစ် (၂၅-၅-၂၀၂၀) ရက်နေ့၊ နံနက်အစောပိုင်းအချိန်၌ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၅၆၀) ခု တွင် -

• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် မတွေ့ရှိရပါ။

 

၂။ (၂၅-၅-၂၀၂၀) ရက်နေ့၊ နံနက် (၇:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၂၀၁) ဦးရှိပါသည်။

 

၃။ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များအနက် ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၁၂၂) ဦးရှိပါသည်။

 

၄။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။

 

၅။ (၂၄-၅-၂၀၂၀) ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးခြင်းများကို အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ဓာတ်ခွဲနမူနာ (၇၄၈) ခုနှင့် ဆေးသုတေသနဦးစီးဌာနမှ ဓာတ်ခွဲနမူနာ (၁၆၆) ခု၊ စုစုပေါင်း (၉၁၄)ခုအား စစ်ဆေးခဲ့ပြီး (၂၅-၅-၂၀၂၀) ရက်နေ့၊ နံနက်အစောပိုင်းအချိန်၌ ဓာတ်ခွဲစစ်ဆေးမှုများ ပြီးစီးခဲ့ပါသည်။

Ref:ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန