ရန်ကုန်  ၂၅  မေ            

 

ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် Semi Lockdown ဖြေလျှော့ခြင်း မရှိသေးသည့်အတွက် စားရေးသောက်ရေး အဆင်ပြေစေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်၊ရွာအနောက်ရပ်ကွက်၌ We Love Yangon မှ ဆန်၊ဆီ၊ဆား၊ ငရုပ်၊ ကြက်သွန်၊ ကြက်ဉ၊ ကော်ဖီ၊ ကွေကာအုပ်စသည့် လူ(၁၀ဝ)စာ အခြေခံစားသောက်ကုန်များ လှူဒါန်းခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က လှူဒါန်းခဲ့သည်။

 

299

 

လှူဒါန်းရာတွင် အင်းစိန်မြို့နယ်၊ ရွာအနောက်ရပ်ကွက်ရှိ အခြေခံလူတန်းစားများကို နေထိုင်သည့် နေအိမ်များသို့ သွားရောက်၍ အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သော ဆန်၊ဆီ၊ဆား၊ ငရုပ်၊ ကြက်သွန်၊ ကြက်ဉ၊ ကော်ဖီ၊ ကွေကာအုပ်စသည့် လူ(၁၀ဝ)စာကို မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဉက္ကဋ္ဌ ဦးသိန်းသန်း၊လက်ထောက်အုပ်ချုပ်ရေးမှူး ဦးကျော်သူဟန်တို့၏ ဦးဆောင်မှုဖြင့် We Love Yangon အဖွဲ့များ၊ We Love Insein အဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်နှင့် ရပ်ကွက် Volunteer များ ပူးပေါင်းပြီး အိမ်တိုင်ရာရောက် ပေးဝေလှူဒါန်းပေးခဲ့သည်။

 

အင်းစိန်မြို့နယ်အဆင့် Coronavirus Disease 2019 (ကိုဗစ်-၁၉) ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်လျက်ရှိကြောင်း  သိရသည်။

 

ဇွဲထက်ကို(ပြန်/ဆက်)