ဂန့်ဂေါ  ၂၅    မေ

 

အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်- ၁၉ ရောဂါဖြစ်ပွါးမှုကြောင့် ဂန့်ဂေါမြို့နယ်အတွင်း ခေတ္တ ပိတ်ထားရသည့် စားသောက်ဆိုင်များ ပြန်လည်ဖွင့်လှစ်ရောင်းချနိုင်ရေး မေ ၂၄ ရက်က  သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံ ဆွေးနွေးကြရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်အေးက အမှာစကား ပြောကြားပြီး မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဉာဏ်ဦးက သတ်မှတ်စည်းကမ်းများကို ရှင်းလင်း ပြောကြားသည်။

 

52

 

ဆွေးနွေးကြရာတွင် ဆိုင်ရှင်များက လိုက်နာရမည့် အချက်အလက်များ၊ စားပွဲထိုးများက လိုက်နာရမည့် အချက်အလက်များတို့ကို ရှင်းလင်းပြောကြား၍ ဆိုင်ပိုင်ရှင်များ စားသုံးသူများ လိုက်နာ အထူးဂရုပြုရ မည့်အချက်များ၊ ဆောင်ရွက်ရမည့်လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

           

တောင်သားမောင်သန်း