ရွှေကူ ၂၅ မေ
ကချင်ပြည်နယ် ရွှေကူမြို့နယ်အတွင်းရှိ ပြည်သူများ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်−၁၉ ရောဂါ ကူးစက်ခံရမှုများ မရှိစေရေးအတွက် ယနေ့ နံနက် ၇ နာရီတွင် ရွှေကူမြို့နယ်လုံးဆိုင်ရာ နာရေး ကူညီမှုအသင်းမှ ပိတ်စဖြင့် ချုပ်လုပ်ထားသည့် နှာခေါင်းစည်း(Mask)များကို ဖြန့်ဝေဆောင်ရွက်ခဲ့သည်။
ရွှေကူမြို့နယ်လုံးဆိုင်ရာ နာရေးကူညီမှုအသင်းမှ ပြည်သူများအား အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်−၁၉ ရောဂါ မဖြစ်ပွားစေရေးအတွက် ပိတ်စများကို ဝယ်ယူပြီး အသင်းသူအသင်းသားများ စုပေါင်း၍ နှာခေါင်းစည်း(mask)များကို မိမိတို့ကိုယ်တိုင်ချုပ်လုပ်၍ မြို့ပေါ်ရပ်ကွက်များရှိ လူစည် ကားရာနေရာများ၊ ဈေးများနှင့် လမ်းဆုံနေရာများတွင် နှာခေါင်းစည်း(Mask)များကို ဖြန့်ဝေ ဆောင်ရွက်ခဲ့သည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်−၁၉ ရောဂါ မဖြစ်ပွားစေရေး အတွက် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ကြရန် အသံချဲ့စက်များဖြင့် လူစည်ကားရာနေရာ များတွင် လိုက်လံအသိပေး နှိုးဆော်ခြင်း၊ မြို့ပေါ်ရပ်ကွက်များတွင် သွားလာနေကြသော ပြည်သူများအား နှာခေါင်းစည်း(Mask)များ တပ်ဆင်ရေး အသိပညာပေးခြင်းနှင့် လက်သန့်ဆေးရည်များ ဖြန်းပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ကျော်မျိုးအောင်(ပြန်/ဆက်)


