၂၅ မေ
ကာဂျစ္စတန်နိုင်ငံတွင် ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူဦးရေ ၃၀ ရှိပြီး ထပ်မံသေဆုံးသူ နှစ်ဦးရှိသဖြင့် နိုင်ငံတစ်ဝှမ်းတွင် ကူးစက်ခံရသူ စုစုပေါင်း ၁၄၃၃ ဦးနှင့် သေဆုံးသူ ၁၆ ဦး အထိ ရှိလာသည်ဟု ယနေ့အတည်ပြုထုတ်ပြန်ခဲ့သည်။
ကိုဗစ်-၁၉ ထပ်မံကူးစက်ခံသူများအနက် ငါးဦးမှာ ကျန်းမာရေးလုပ်သားများဖြစ်ကြောင်းနှင့် ထိုကူးစက်ခံရမှုမှ ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ ၂၃၁ ဦး အပါအဝင် ကူးစက်ခံ ကျန်းမာရေးလုပ်သား ၂၈၀ ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Nurbolot Usenbaev က နေ့စဉ်အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကူးစက်ခံရမှုမှ ထပ်မံကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ ၁၂ ဦး ရှိပြီး ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ ၉၉၂ ဦး အထိ ရှိလာသည်ဟု ၎င်းက ပြောကြားခဲ့သည်။
ကိုဗစ်-၁၉ ကူးစက်ခံရသူများနှင့် ထိတွေ့မှုရှိသူ ၂၃၀၇ ဦး သည် ဆေးဘက်ဆိုင်ရာ စစ်ဆေးကုသမှုခံယူနေကြောင်းနှင့် အခြားသော ၆၈၄၁ ဦးကို နေအိမ်တွင် သီးခြားကန့်သတ်ထားကာ ဆရာဝန်များက ကြီးကြပ်စစ်ဆေးမှု ပြုလုပ်ပေးနေကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို