ခင်ဦး   ၂၅   မေ


လက်ရှိဖြစ်ပွားလျက်ရှိသော ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ်-၁၉) ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ် တားဆီးနိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့ လမ်းသုံးခွ ဗိုလ်ချုပ်ကြေးရုပ်ရှေ့၌ ပါးစပ်/နှာခေါင်းစည်း (Mask) မတပ်ဆင်သော လမ်းသွား/လမ်းလာပြည်သူများကို မေ ၂၅ ရက်နေ့ နံနက် ၉ နာရီက မြို့နယ် (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေ းကော်မတီအဖွဲ့မှ အရေးယူမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ ပါးစပ်/နှာခေါင်းစီး (Mask) မတပ်သူများကို အပြစ်ပေး အရေးယူ ဆောင်ရွက်ရန်အတွက် မေ ၂၂ ရက် ကတည်းက မြို့ပေါ်ရှိ ရပ်ကွက်များ၊ ဈေးနေရာများ၊ လူအသွား/အလာ များသည့်နေရာများတွင် အသိပေး ဗီနိုင်းဆိုင်းဘုတ် စိုက်ထူခြင်းနှင့် အသံချဲ့စက်ဖြင့် လှည့်လည် အသိပညာပေးမှုများ လုပ်ဆောင်ခဲ့ပြီး ပါးစပ်/ နှာခေါင်းစည်း (Mask) များကိုလည်း အခမဲ့ ဖြန့်ဝေပေးပြီးဖြစ်ကာ အသိပညာပေးကာလ ပြီးဆုံးပြီဖြစ်၍ ယနေ့မှစ၍ ဖမ်းဆီးအရေးမှုများ ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦး ကပြောသည်။


ပထမအကြိမ် ဖမ်းဆီးအရေးယူမှု အနေဖြင့် ပါးစပ်/နှာခေါင်းစည်း (Mask) မတပ်ဆင်သူ (၁၇) ဦးတို့ကို မေ ၂၅ ရက်နေ့ နံနက်ပိုင်းက ကူးစက်ရောဂါ နှိမ်နင်းရေး ဥပဒေပုဒ်မ- ၁၅ အရ တစ်ဦးလျှင် ဒဏ်ငွေ ကျပ်  (၃၀၀၀) ပေးဆောင်ရန် မြို့နယ်တရားရုံးက အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။


ချစ်စံ(ခင်ဦး)