ဟားခါး ၂၅ မေ
ချင်းပြည်နယ်၊ ဟားခါးမြို့ ဈေးသစ်ရပ်ကွက် မြန်မာ့စီးပွားရေးဘဏ်တွင် ပြည်သူများ လာရောက် သူများသဖြင့် သောက်ရေ၊သုံးရေ အခက်အခဲမရှိစေရေးနှင့် ပြည်တော်သာရပ်ကွက် တောင်ပေါ်ရှိ သီလရှင် ကျောင်းတို့တွင် သောက်သုံးရေ ပြတ်လပ်မှု မရှိစေရေး ဟားခါးမြို့နယ်မီးသတ်စခန်းမှ ဒုမီးသတ်ဦးစီးမှူး ဦးအောင်ကျော်ဝင်း ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များသည် မေလ ၂၅ရက် နံနက် ၉ နာရီခွဲအချိန်က သောက်သုံးရေ ဂါလန်(၂၄၀ဝ)ကို မီးသတ် ရေသယ်ယာဉ် ၂စီးဖြင့် သွားရောက် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ဟားခါးမြို့နယ်မီးသတ်ဦးစီးဌာန အနေဖြင့် ဟားခါးမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ဘာသာရေး ကျောင်းများ၊ အသင်းအဖွဲ့များသို့ သောက်သုံးရေ ပြတ်လပ်မှုမရှိစေရေးအတွက် ဆက်လက်လှူဒါန်း ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အောင်ခွီရှိန်း(ပြန်/ဆက်)


