ရန်ကုန် ၂၅ မေ
ရန်ကုန်မြောက်ပိုင်းခရိုင် အတွင်းရှိ မီးသတ်တပ်ဖွဲ့ဝင် (၃၃၈) ဦးအား အခြေခံ စားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်များ ထောက်ပံ့ပေးအပ်ခြင်းကို မေ (၂၃) ရက် နံနက်ပိုင်းက အင်းစိန်မြို့နယ်၊ မီးသတ်ဦးစီးမှူးရုံးတွင် ပေးအပ်ခဲ့သည်။
ပေးအပ်ရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ မီးသတ်ဦးစီးမှူး ဦးမျိုးဝင်းက အမှာစကားပြောကြားပြီး ရန်ကုန်မြောက်ပိုင်းခရိုင်၊ မီးသတ်ဦးစီးမှူး ဦးမြင့်ဦးက ထောက်ပံ့ပေးအပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီးနောက် ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်းရှိ မီးသတ်တပ်ဖွဲ့ဝင် (၃၃၈)ဦး အား အခြေခံ စားသောက်ကုန်များဖြစ်သော ဆန်(အိမ်ထောင်သည်) (၈)ပြည်၊ ဆန် (လူပျို) (၄)ပြည်၊ ဆား(၁)ထုပ်၊ ကြက်သွန်(၁)ပိဿာ၊ ဆီ(၁)ဘူး တို့ကို တာဝန်ရှိသူများက အသီးသီး ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)


