မက်မန်း ၂၅ မေ
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မက်မန်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ “ကိုဗစ်-၁၉ ရောဂါ မပြန့်ပွားဖို့ မိမိကစ၍ ကာကွယ်စို့” သတင်းစကား လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ ကိုဗစ် - ၁၉ ရောဂါမဖြစ်ပွားစေရေးအတွက် ဖြန့်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားသည့် ခံနိုင်ရည် မွေးရမှာပါ ကောက်နုတ်ချက်များ၊ စနစ်တကျ လက်ဆေးနည်းများ၊ ကိုဗစ်-၁၉ ကို မိမိကစ၍ ကာကွယ်ပါ အဓိက သတင်းစကား (၁၀)ချက်၊ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဆပ်ပြာနှင့်ရေကို အသုံးပြု လက်ဆေးခြင်းဖြင့် ကာကွယ်ပါ၊ အနုပညာရှင်များ၏ အသိပေးစကားသံများ စသည့် အသိပညာပေးချက်များ ပါဝင်ပါသည်။
ထို့အပြင် ရှမ်းပြည်နယ် (မြောက်ပိုင်း) ပေးပို့လာသည့် မြန်မာဘာသာနှင့် တိုင်းရင်းသား ဘာသာဖြင့် ထုတ်ဝေထားသည့် အသိပညာပေး စာအုပ်များကိုလည်း တစ်ပါးတည်း ဖြန့်ဝေခဲ့ကြ ပါသည်။
အဆိုပါလက်ကမ်းစာစောင်များ နှင့် မြန်မာဘာသာနှင့် တိုင်းရင်းသားဘာသာဖြင့် ထုတ်ဝေထားသည့် အသိပညာပေး စာအုပ်များကို မက်မန်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဝန်ထမ်းများက မက်မန်းမြို့နယ်ရှိ ဌာနဆိုင်ရာရုံးများ၊ ကွန်ဟောင်းကျေးရွာ နှင့် ရပ်ကွက်နေ ပြည်သူလူထုများ၊ စျေးဆိုင်ခန်းများ၊ စျေးရောင်းနေသော စျေးသည်များထံသို့ လက်ဝယ်အရောက် ဖြန်ဝေခဲ့ကြောင်းသိရှိရသည်။
မက်မန်း(ပြန်/ဆက်)