ညောင်ဦး ၂၅ မေ       
 


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ထန်းပေါက်ရုံကျေးရွာ အခြေခံပညာ မူလတန်းကျောင်းတွင် သောက်သုံးရေ အခက်ကြုံတွေ့နေကြောင်း သိရသဖြင့် မေ ၂၅ ရက် ၊ မွန်းလွဲ ၁ နာရီက ညောင်ဦးမြို့၊ မြင့်မြတ်သူ စေတနာ သွေးလှူရှင်နှင့် လူနာတင်ယာဉ် ကူညီမှုအသင်းမှ ဦးအောင်ငြိမ်း ဦးဆောင်သော ပရဟိတအသင်းသားများက ရေသယ်ယာဉ်တစ်စီးဖြင့် သောက်သုံးရေဂါလန် ၃၂၀၀ အား ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ 

 

ညောင်ဦးမြို့နယ်တွင် ယခုနှစ် မိုးသည်းထန်စွာ ရွာသွန်းမှုမရှိသည့်အတွက် အညာကျေးလက် ဒေသများတွင် ဒေသခံပြည်သူများ သောက်သုံးရေရှားပါးမှု အခက်အခဲများ ကြုံတွေ့နေရကာ ကျေးရွာအရောက် လာရောက်လှူဒါန်းပေးသည့် ပရဟိတ ရေလှူအသင်းများကို မှီခိုအားပြုနေရကြောင်း ညောင်ဦးမြို့နယ် ထန်းပေါက်ရုံကျေးရွာရှိ ဒေသခံပြည်သူများ ထံမှ သိရသည်။ 

 

ယနေ့ နံနက်ပိုင်းက ထန်းပေါက်ရုံကျေးရွာ အခြေခံပညာ မူလတန်းကျောင်းတွင် သောက်သုံးရေသုံးစွဲရန် အခက်ကြုံ တွေ့နေသဖြင့် ညောင်ဦးမြို့၊ မြင့်မြတ်သူ စေတနာသွေးလှူရှင်နှင့် လူနာတင်ယာဉ်ကူညီမှုအသင်းမှ ပရဟိတ အသင်းသားများက ဂါလန် ၃၂၀၀ ဆံ့ ရေသယ်ယာဉ်တစ်စီးဖြင့် သွားရောက်ကာ စာသင်ကျောင်းရှိ ရေလှောင်ကန်အတွင်း ဖြည့်တင်းလှူဒါန်းပေးခဲ့ကြောင်း သိရသည်။ 

 

ရဲဝင်းနိုင် ( ညောင်ဦး )