မြင်းခြံ  ၂၅ မေ

 

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် မြင်းခြံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး စိစစ်ချက်များပြုစုမှုကို ယနေ့ နံနက် ၁၀ နာရီမှစတင်ကာ မြင်းခြံမြို့နယ် ပညာရေးမှူးရုံးတွင် ပြုစုလျက်ရှိကြောင်း သိရသည်။

 

မြင်းခြံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ပညာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို ကျောင်းအုပ်များကိုယ်တိုင် အချက်အလက်များ ဖြည့်သွင်းပြီး စိစစ်ချက်များကို ပညာရေးဝန်ကြားဌာနသို့ ပေးပို့ကာ အခြေခံပညာကျောင်းများအနေဖြင့် လိုအပ်ချက်များရှိပါက ဖြည့်ဆည်း ပေးနိုင်ရေး ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နိုင်ရန် စိစစ်ချက်များ ကောက်ခံရခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဦးခင်မောင်သန်း က ပြောသည်။

           

မြင်းခြံမြို့နယ်တွင် အ.ထ.က ၁၂ ကျောင်း၊ အ.ထ.က(ခွဲ) ၂၀‌ ကျောင်း၊ အ.လ.က ၆ ကျောင်း၊ အ.လ.က(ခွဲ) ၁၂ ကျောင်း၊ မူလွန် ၂၆ ကျောင်း၊ အ.မ.က ၁၁၇ ကျောင်း၊ အ.မ.က(ခွဲ) ၁ ကျောင်း စုစုပေါင်း အခြေခံပညာကျောင်း ၁၉၄ ကျောင်းရှိကြောင်း သိရသည်။

 

ကျော်စွာ(မြင်းခြံ)