ပုလဲ  ၂၅  မေ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်အနေဖြင့် ၂၀၂၀ ပြည့်နှစ်အတွက် စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သန်း ၇၃၀၀ ကျော်ကို စနစ်တကျ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

၂၀၂၀ ပြည့်နှစ်အတွက် စိုက်ပျိုးစရိတ်ချေးငွေများကို    စိုက်ပျိုးရာသီအမီ  ထုတ်ချေးပေးနိုင်ရေးအတွက်  စီစဉ်ဆောင်ရွက် လျက်ရှိရာ မေ ၁၈ ရက်က ရွာနောင်ကျေးရွာအုပ်စုရှိ တောင်သူ ၈၅ ဦးရဲ့ စပါး၂၀၅ ဧက၊ နှမ်း၂၂၉ ဧက စုစုပေါင်း ၄၃၄ ဧကအတွက် စိုက်ပျိုးစရိတ် ချေးငွေကျပ် ၅၃၆ ဒသမ ၅ သိန်းကို   ထုတ်ချေးပေးခဲ့ပြီး  ကျန်ရှိနေသော   ကျေးရွာအုပ်စုများကိုလည်း ထုတ်ချေးပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်ဟု ပုလဲမြို့၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဦးမင်းသော်  က ပြောသည်။

 

ပုလဲမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၅၆ အုပ်စုမှ တောင်သူ ၁၀၀၀၀ ကျော်၏  စပါး ၂၇၀၀၀ ဧက၊ နှမ်း ၁၉၀၀၀ ဧက၊ ပဲတီစိမ်း ၇၇၀၀ ဧက၊ ပဲစိမ်းငုံ ၅၄၀၀ ဧကနှင့် အခြားသီးနှံ  ၁၂၀ ဧကအတွက် စိုက်ပျိုးစရိတ်ချေးငွေ ကျပ် သန်း ၇၃၀၀ ကျော်ကို    ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလမတိုင်မီ  အပြီးထုတ်ချေးပေးရန် လျာထားကြောင်း ပုလဲမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

 

မင်းခန့်စိုး(ဇေယျာမြေ)