ဝိုင်းမော်    ၂၅  မေ

 

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ချောင်းမောကျေးရွာ၊ လုံဇာကျေးရွာနှင့် ဝူရာကျေးရွာတို့တွင် မေ ၁၅ ရက်က တိုက်ခိုက်ခဲ့သော လေပြင်းကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများကို ယမန်နေ့က ပေးအပ်ခဲ့ကြောင်း သိရသည်။

 

 

ထိုသို့ပေးအပ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးထွန်းထွန်းနှင့် အဖွဲ့သည် ချောင်းမော၊ လုံဇာ၊ ဝူရာကျေးရွာအတွင်း လေဘေးသင့်ခဲ့သော နေအိမ် (၁၉)လုံး၊ အိမ်ထောင်စု(၁၉)စုအတွက်  အိမ်ဆောက်ပစ္စည်းတန်ဖိုးနှင့် (၇)ရက်စာ ရိက္ခာဆန်ဖိုး ငွေကျပ် စုစုပေါင်း ၂၁၉၇၄၀ဝ ကျပ်နှင့် ဝိုင်းမော်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့မှ လှူဒါန်းသည့် ဆန်အိတ်(၄)အိတ်၊ ခေါက်ဆွဲခြောက် (၁၀)ဖာ၊ Mask (၁၅၀)ခုနှင့် ငှက်ဖျားရောဂါ ကာကွယ်ရေးတွက် မြို့နယ်ကျန်းမာရေးဌာနမှ ထောက်ပံ့သည့် ဆေးစိမ်ခြင်ထောင်အလုံး (၅၀)တို့ကို ဇခုန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဉီးဝေါ်တားထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ခိုင်သက်မွန်(ပြန်/ဆက်)