နေပြည်တော် ၂၅ မေ 

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင် စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ်၊ မံစီမြို့နယ်ရှိ နှစ်ခြင်း IDP စခန်းသို့ သွားရောက်၍ Hand Speaker (၁)ခု၊ ကိုဗစ်-၁၉ အသိပညာပေးအသံဖိုင် ထည့်သွင်းထားသော Memory Stick (၁)ခု၊ အပူချိန်တိုင်း ကိရိယာ(၁)ခု၊ လက်ဆေးစင်(၃)ခု၊ ထုံး (၁၀) အိတ်၊ ဆပ်ပြာ (၇၈၃) ခဲ ၊ လက်သန့်ဆေးရည် (၃၅၄) ဗူး၊ အဝတ် Mask (၁၅၆၆)ခုတို့အား ထောက်ပံ့ခဲ့သည်။

 

အလားတူ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ ကန်စောက်ဘုန်းကြီးကျောင်း၊ တောင်မင်းကုလား ကျေးရွာအုပ်စု ဘုန်းကြီးကျောင်း၊ ဝါးတောင်တိုက်ပွဲရှောင်စခန်း၊ ညောင်ချောင်းကျေးရွာ အရှေ့ဘက်ကျေးရွာ ပိုင်ဘုံမြေနေရာ၊ မြို့သစ်ရပ်ကွက်မြို့နယ် သာသနာ့ဗိမာန်၊ ပြည်တော်သာရပ်ကွက် ခရစ်တော်အသင်းကျောင်း၊ မြို့မ(အ.ထ.က) စာသင်ကျောင်း၊ ပိုက်သည်ရပ်ကွက်၊ မဟာကံကြီးသျှင်ဘုရား၊ မြို့သစ်ရပ်ကွက် နေပူခံတိုက်ပွဲရှောင်စခန်း၊  ပြည်တော်သာရပ်ကွက် (အ.ထ.က)စာသင်ကျောင်း၊ မြို့သစ်ရပ်ကွက် အ.မ.က(၃) စာသင်ကျောင်း စုစုပေါင်း တိုက်ပွဲရှောင်စခန်း(၁၁)ခုတို့တွင် ဆပ်ပြာ(၂၇၂၇)တောင့်၊ Surgical Mask (၅၄၅၄)၊ ထုံးအိတ် (၂၁၀)၊ လက်ဆေးစင် (၂၁)ခုတို့အား ထောက်ပံ့ခဲ့သည်။ 

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးနှင့် ပတ်သက်၍ ထောက်ပံ့မှုလုပ်ငန်း များအပြင်  အသိပညာပေးလုပ်ငန်းများ၊    အသိပေးနှိုးဆော်ခြင်း လုပ်ငန်းများနှင့်   စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးမှုဆိုင်ရာ လုပ်ငန်းများကို နေပြည်တော် ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အားလုံးတွင် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်