၂၆ မေ

 

ကိုရိုနာဗိုင်းရပ်စ် မပျံ့ပွားရေးအတွက် နှစ်လကြာ ပိတ်ထားတဲ့ အိန္ဒိယနိုင်ငံတွင်းပြေးဆွဲနေတဲ့ လေကြောင်းခရီးစဉ်တွေကို တနင်္လာနေ့မှာ ပြန်လည်ပြေးဆွဲခဲ့ပါတယ်။ ခရီးစဉ် ၁၀ဝ ကျော်က လိုက်ပါမယ့် ခရီးသည်တွေကို  ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ဖျက်သိမ်းတဲ့အတွက် လေဆိပ်အတွင်းမှာ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေရမယ့် စည်းကမ်းကို မေ့လျော့ပြီး လူအုပ်ကြီးက ကသောင်းကနင်း ဖြစ်နေတာကို တွေ့ရပါတယ်။

 

လေယာဉ်စီးမယ့် ခရီးသည်တွေဟာ မျက်နှာဖုံး ဝတ်ဆင်ထားဖို့ လိုအပ်ပြီး ကိုယ်အပူချိန်စစ်ဆေးခြင်းတွေ ပြုလုပ်ပေမယ့် အလယ်ခုံကို အလွတ်မထားဘဲ လူအပြည့်တင်ဆောင်ကြောင်း သိရပါတယ်။ ခရီးသည်တွေဟာ သူတို့သွားရောက်မယ့်ဒေသမှာ သီတင်းနှစ်ပတ် သီးသန့်ခွဲခြားစောင့်ကြည့်မှုအောက်မှာ နေထိုင်ရမှာဖြစ်ပါတယ်။

 

မဟာရာချ်တာ ပြည်နယ်ဟာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူများတဲ့ ပြည်နယ်ဖြစ်တဲ့အတွက် လေယာဉ်ခရီးပေါင်း တစ်နေ့ကို ၅၀ သာလာရောက်ခွင့်ပြုထားပြီး ကျန်ခရီးစဉ်အားလုံးကို ဖျက်သိမ်းတဲ့အတွက် လိုက်ပါမယ့်ခရီးသည်တွေက ဒေါသဖြစ်နေကြပါတယ်။

 

ခရီးသည်ပေါင်း ၁၄၄ သန်း နဲ့ ကုန်တင်ရန် အတွက် ပြေးဆွဲပေးနေတဲ့ ပြည်တွင်းလေကြောင်း ခရီးစဉ်တွေကို မတ်လ ၂၅ ရက်တွင် ရပ်နားလိုက်ပါတယ်။

 

လေဆိပ်တွေနဲ့ လေယာဉ်ခရီးစဉ်တွေဟာ မေလ ၂၅ ရက်မှာ စတင်ပြေးဆွဲပြီး နိုင်ငံခြားခရီးစဉ်တွေ ဇွန်လမှာ ပြန်လည်ပြေးဆွဲမယ်လို့ သိရပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၁၄၅,၄၅၆ ဦး ရှိပြီး သေဆုံးသူ ၄,၁၇၂ဦး ရှိကြောင်း မေ ၂၆ ထုတ်ပြန်ချက် သိရပါတယ်။

 

MDN

ကိုးကား- AFP