ကျိုက်ဒုံ ၂၆ မေ
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် မေ ၂၆ ရက်၊ နံနက် ၈ နာရီက မိတန်ကျေးရွာ တောရကျောင်းအနောက်ဘက် ဝဥစိုက်ပျိုးတောင်သူဒေါ်ကြည်စိန်၏ ခြံမြေနေရာတွင် ဝဥများ စိုက်ပျိုးဖြစ်ထွန်းစေရေးအတွက် ကျိုက်ဒုံမြို့စိုက်ပျိုးရေးဦးစီးဌာနမှ သွားရောက်၍မြေဓာတ်ခွဲ နမှုနာယူမှုများဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ပေးခြင်းသည် ယခင်နှစ်က ဤမြေနေရာတွင် ဝဥများစိုက်ပျိုးခဲ့ရာ အောင်မြင်မှုမရှိကြောင်းကို စိုက်ပျိုးတောင်သူဒေါ်ကြည်စိန်ထံမှ သိရသည်။
ယခုနှစ်တွင်ကျိုက်ဒုံမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ နည်းပညာပေးမှုကြောင့် ဝဥသီးနှံများကို ဘိလပ်မြေအိတ်များဖြင့် မြေဆွေး၊ လင်းနို့ချေး၊ စပါးခွံဖွဲပြာများ စုပေါင်း၍ထည့်ပြီး ဝဥသီးနှံများ စိုက်ပျိုးလျက်ရှိကြောင်း၊ မြေဓာတ်ခွဲနာမှုနာယူပြီးစစ်ဆေးမှုများ ဆောင်ရွက်ပြီးပါကဝဥသီးနှံများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနိုင်စေရေးအတွက် လိုအပ်သည်များကို ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းကို ကျိုက်ဒုံမြို့စိုက်ပျိုးရေးဦးစီးဌာနမှ ရုံးတာဝန်ခံဒေါ်လှမြင့်ထံမှ သတင်းရရှိသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)ပြန်/ဆက်


