၂၆ မေ
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ရန်အတွက် ဂျပန်နိုင်ငံ၏ လုပ်ဆောင် ကြိုးပမ်းမှုသည် အောင်မြင်မှုဖြစ်ခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲက ချီးကျူးခဲ့သည်။
ဂျပန်နိုင်ငံတွင် ယမန်နေ့အတွင်းက အရေးပေါ်အခြေအနေ ကြေညာချက် ရုပ်သိမ်းပြီးနောက် ကမ္ဘာ့ကျန်းမားရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ တက်စ်ဒရော့က ဂျနီဗာမြို့တွင် သတင်းထောက်များကို ပြောကြားခဲ့ခြင်းဖြစ်သည်။
ဂျပန်နိုင်ငံတွင် ရောဂါဖြစ်ပွားမှုနှုန်း အမြင့်ဆုံးတွင် တစ်နေ့လျှင် ရောဂါကူးစက်မှုပေါင်း ၇၀ဝကျော် ရှိခဲ့သော်လည်း နေ့စဉ် ရောဂါကူးစက်မှုအရေအတွက်မှာ ၄၀ခန့် ရှိခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံတွင် သေဆုံးမှုအရေအတွက်မှာ အနိမ့်ဆုံးတွင်ရှိကြောင်း တက်စ်ဒရော့က ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံအနေဖြင့် အချို့သောလေးနက်သည့် စီမံချက်များကို ရုပ်သိမ်းလိုက်သော်ငြားလည်း ကူးစက်ခံရမှုဆိုင်ရာ ကိစ္စရပ်များအား ဖော်ထုတ်ခြင်း၊ ခြေရာခံခြင်း၊ သင့်လျော်သည့် စောင့်ရှောက်မှုနှင့် အထီးကျန်ခြင်းအပါအဝင် အခြေခံအစီအမံများကို ဆက်လက်အကောင်အထည်ဖော်ရန် လိုအပ် သေးကြောင်း တက်စ်ဒရော့စ်က အလေးပေး ပြောကြားခဲ့သည်။
ကမ္ဘာ့နိုင်ငံများ၏ ကူးစက်မှုသည် ပထမလှိုင်း၏ အလယ်တွင်ပင် ရှိနေသေးကြောင်းနှင့် ရောဂါ ကူးစက်မှုများအတွက် ဂရုစိုက်ရန် လိုအပ်သေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အရေးပေါ် အစီအစဉ်များဆိုင်ရာ အလုပ်အမှုဆောင် ဒါရိုက်တာဖြစ်သည့် မိုက်ကယ်ယန်က ပြောကြားခဲ့သည်။
လပေါင်းများစွာကြာမြင့်ပြီးမှလည်း ရောဂါကူးစက်မှုများ ထပ်မံဖြစ်ပွားနိုင်သေးကြောင်း ဘရိုင်ယန်က သတိပေး ပြောကြားခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်