၂၆ မေ
ဘရာဇီးနိုင်ငံတွင် ယမန်နေ့အတွင်းက ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၈၀၇ဦး ရှိခဲ့ပြီး ဘရာဇီးနိုင်ငံတွင် တိုင်းပြည်အတွင်း သေဆုံးမှု အများဆုံးနေ့လည်း ဖြစ်သည်။
ယမန်နေ့အတွင်းက ဘရာဇီးနိုင်ငံတွင် ကူးစက်မှုအသစ် ၃၇၄၈၉၈ ရှိကြောင်း ဘရာဇီး အစိုးရက ထုတ်ပြန်ခဲ့သည်။
ဘရာဇီးနိုင်ငံတွင် သေဆုံးသူဦးရေ စုစုပေါင်း ၂၃၄ရ၃ ဦး ရှိပြီဖြစ်သည်။
အမေရိကန်ပြည်ထောင်စုတွင် တစ်နေ့ထဲ၌ သေဆုံးသူ ၆၂၀ ရှိခဲ့ပြီး ဘရာဇီးနိုင်ငံသည် အမေရိကန်ပြည်ထောင်စုထက် သေဆုံးသူ အများဆုံး ဖြစ်လာခဲ့သည်။
ဘရာဇီးနိုင်ငံတွင် သေဆုံးသူအများစုမှာ ဆင်းရဲသားရပ်ကွက်များအတွင်းက ဖြစ်သည်။
ဘရာဇီးနိုင်ငံသည် ဆောပေါ်လိုကဲ့သို့သော အဓိက မြို့ကြီးများကို မတ်လအလယ်မှစပြီး ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။
တောင်အမေရိက၏ အခြားနိုင်ငံများဖြစ်သည့် အီကွေဒေါနှင့် ချီလီနိုင်ငံတို့တွင်လည်း ဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့လျက်ရှိသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်