လန်ဒန် ၂၆ မေ
ဗြိတိန်ဝန်ကြီးချုပ်က နိုင်ငံတွင်းက ဈေးဝယ်စင်တာတွေ၊ ဆိုင်တွေ အားလုံးကို လာမယ့် ဇွန် ၁၅ ရက်နေ့မှာ ပြန်လည်ဖွင့်ခွင့် ပေးမယ်လို့ တနင်္လာနေ့က ပြောကြားလိုက်ပါတယ်။
ဗြိတိန်နိုင်ငံဟာ ဥရောပအတွင်းမှာ ကိုရိုနာဗိုင်းရောဂါပိုးကြောင့် သေဆုံးသူ အများဆုံးနိုင်ငံဖြစ်ပြီး သေဆုံးသူ ၃၆,၉၁၄ ဦးရှိကြောင်း သိရပါတယ်။
ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူနဲ့ သေဆုံးသူ စာရင်းဟာ သိသိသာသာ ကျဆင်းသွားတဲ့အတွက် ဇွန် ၁ ရက်နေ့ကစပြီး လဟာပြင် ဈေးတွေနဲ့ ကလေးငယ်တွေအတွက် ကျောင်းတွေ ပြန်ဖွင့်ပေးမယ်လို့ သိရပါတယ်။
အခြေအနေတွေက တိုးတက်လာတဲ့အတွက် အသွားအလာ ပြန်လည် ဖွင့်ပေးမယ့် အဆင့် နှစ်ကို နိုင်ငံသားတွေဆီ မိတ်ဆက်ပေးဖို့ အချိန်ကျပြီလို့ ဝန်ကြီးချုပ်က ပြောပါတယ်။
အသက်အရွယ်ကြီးတဲ့ ကျောင်းသားတွေအတွက် ကျောင်းတွေကို ဇွန် ၁၅ ရက်မှာ ဖွင့်ပေးမယ်လို့ သိရပါတယ်။
MDN
ကိုးကား -AFP