ဘားအံ ၂၆ မေ
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ယာယီပိတ်ထားရသည့် တည်းခိုခန်းများ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်များအတိုင်း လိုက်နာဖွင့်လှစ်နိုင်ရေး မေ ၂၅ ရက်နေ့က မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ဘားအံမြို့ပေါ်ရှိ တင်ဖွင့်လှစ်နေသည့် ကြယ်စင်ရိပ်၊ ဖူးမေတ္တာမြေ၊ ပန်းမြေချမ်းမြေ၊ အာကာဦး၊ ပရင့်စက်(စ်)၊ အဲဗားမိုင်းတည်းခိုခန်းများကို လိုက်လံစစ်ဆေးပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို လိုက်နာရန်၊ တည်းခိုသူများ၏ ခရီးသွားလာမှု အခြေအနေကို မှတ်တမ်းယူရန်၊ ကျန်းမာရေး အသိပညာပေးခြင်းများ ဆောင်ရွက်ရန်နှင့် ရောဂါကူးဆက်မှုမရှိစေရေး စီမံဆောင်ရွက်သွားနိုင်ရေး တို့ကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေထက်အောင် ဦးဆောင်၍ ကျန်းမာရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့များက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ဘားအံမြို့ပေါ်တွင် ဟိုတယ်တည်းခိုခန်းများသည် အကုန်နည်းပါး မေလကုန်တွင် ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)


