ကျွန်းစု ၂၆ မေ
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ပရဟိတအဖွဲ့များပူးပေါင်း၍ မေ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲက ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်း မတပ်ဆင်ဘဲ သွားလာနေသူများအား စစ်ဆေး ဒဏ်ရိုက် အရေးယူခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စစ်ဆေးရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သီဟနှင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ကျွန်းစုမြို့၊ အမှတ်(၁)ရပ်ကွက် မြို့မဈေးရှေ့နှင့် ဗိုလ်ချုပ်လမ်းတစ်လျှောက်၊ ဆိပ်ကမ်းတံတားနှင့် အမြန်ရေယာဉ် အတွင်း၊ ကျွန်းစုမြို့၊ အမှတ်(၂)ရပ်ကွက် ဗိုလ်ချုပ်လမ်းနှင့် ဘုရင့်နောင်လမ်းဆုံတို့၌ နှာခေါင်းစည်း Mask မတပ်ဆင်ဘဲ သွားလာနေကြသူ(၃၃)ဦးတို့အား ငွေ(၅၀ဝ၀)ကျပ်နှင့် ညီမျှသော Mask များ ဝယ်ယူစေခြင်း ပြစ်ဒဏ်ရိုက် ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)


