မိုင်းပန် ၂၆ မေ            

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ပြည်သူ့ဆေးရုံသို့ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အောက်စဖိုဒ့် ဆရာတော် ပါမောက္ခ ဒေါက်တာ အရှင်ဓမ္မသာမိအား အမှူးပြုသော မင်္ဂလာအုပ်စု (Mingala Group) မှ PPE ဝတ်စုံ (၄ဝ)စုံ အား ပေးပို့လှူဒါန်းခဲ့ကြောင်း သိရသည်။

 

အဆိုပါ PPE ဝတ်စုံများအား မိုင်းပန်မြို့နယ်ရှိ သံဃာတော်များမှတစ်ဆင့် ပေးပို့လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ယနေ့ နံနက် (၉) နာရီအချိန်ခန့်တွင် ပြည်သူ့ဆေးရုံရှေ့၌ သံဃာတော်များမှ တာဝန်ရှိသူများ၏ လက်ဝယ်သို့ တစ်ဆင့်လွှဲပြောင်း လှူဒါန်းပေးခဲ့ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းနောင့်၊ မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာတင်ခိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်တို့မှ လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။

ကိုဆန်း(မိုင်းပန်)