ရန်ကုန်  ၂၆   မေ

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ ကိုရီးယားသမ္မတနိုင်ငံ အခြေစိုက် Korean Food for the Hungry International (KFIHI) and Be My Friend (Myanmar) မှ Mask နှင့် PPE များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့ ဒဂုံမြို့နယ် ဇီဝကလမ်း အမှတ်(၅)ရှိ ဆေးသုတေသနဦးစီး ဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

 

ပေးအပ်လှူဒါန်းပွဲ အခမ်းအနားတွင် ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်း နှင့် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံရုံးမှ Deputy Chief of Mission, Minister Counsellor Mr. Hahm Jeonghan တို့က အမှာစကား ပြောကြားပြီး အလှူရှင် Korean Food for the Hungry International (KFIHI) and Be My Friend (Myanmar) မှ Mr. Won, Sunghee က လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ဆေးသုတေသနဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းထံ ကိုရီးယားသမ္မတနိုင်ငံ သံရုံးမှ Deputy Chief of Mission, Minister Counsellor Mr. Hahm Jeonghan နှင့် အလှူရှင်တို့က Mask နှင့် PPE များ  ပေးအပ်လှူဒါန်းပြီး ညွန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

 

ယနေ့ လှူဒါန်းပွဲတွင် လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ Korean Food for the Hungry International (KFIHI) and Be My Friend (Myanmar) မှ အမေရိကန်ဒေါ်လာ (၅၆၀ဝ၀) နှင့်ညီမျှသော Mask (၅၀ဝ၀ဝ) နှင့် PPE (၅၀ဝ၀)ကို လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

(သတင်း-မင်းသစ်(MNA)/ ဓာတ်ပုံ-ဇော်မင်းလတ်)