နေပြည်တော် ၂၆ မေ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ မေ ၂၄ ရက်တွင် ချင်းပြည်နယ်၊ ဆမီးမြို့ရှိ သာသနာ့ ဝေပုလ္လဘုန်းတော်ကြီးကျောင်း၊ လမ်းဦးစီးဝန်ထမ်းအိမ်ရာ၊ (အ.လ.က)လိပ်ကုန်း၊ အိုးအိမ်ဝန်ထမ်းအိမ်ရာနှင့် စိုက်ပျိုးရေးရုံး၊ အ.ထ.က၊ စည်ပင်ရုံး/ကမ်းနား သောင်ပြင်၊ IDP တန်းလျား၊ IDP လုံးချင်း၊ ရွက်ဖျင်တဲ(ထွေ/အုပ်) တိုက်ပွဲရှောင်စခန်းများနှင့် ပလက်ဝမြို့ရှိ အ.ထ.က(၁)မြို့မ၊ RC ဘုရားကျောင်း၊ ဆွေမျိုးများနေအိမ်(မြို့မ)၊ ဝိသုဒ္ဒါရုံကျောင်းတိုက်၊ ဆွေမျိုးများနေအိမ် (ရွာမ)၊ အင်္ဂလီကန်ဘုရားကျောင်း၊ တောင်တန်းသာသနာပြုကျောင်း၊ ဆွေမျိုးများနေအိမ် (ရိက္ခာ)၊ လောင်းကဒူးခန်းမ(ကင်ဝ)၊ စိုက်ပျိုးရေးဝန်ထမ်း အိမ်ရာ၊ နှစ်ခြင်းဘုရားကျောင်းနှင့် မူလွန်(မြို့မ) တိုက်ပွဲရှောင်စခန်းများသို့သွားရောက်၍ အဝတ် Mask (၁၁၈၀၀)၊ ထုံးအိတ် (၂၀၀)၊ ဆပ်ပြာ(၇၇၀၄)တောင့်၊ လက်သန့်ဆေးရည်ဗူး (၂၄၅၀)၊ ကိုဗစ်-၁၉ အသိပညာပေး အသံဖိုင်ထည့်သွင်းထားသော Memory Stick (၇)ခု၊ Hand Speaker (၁၄)ခု၊ အပူချိန်တိုင်း ကိရိယာ(၁၄)ခုတို့အား ထောက်ပံ့ခဲ့သည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် COVID-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးနှင့်ပတ်သက်၍ ထောက်ပံ့မှုလုပ်ငန်းများအပြင် အသိပညာပေးလုပ်ငန်းများ၊ အသိပေးနှိုးဆော်ခြင်း လုပ်ငန်းများနှင့် စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးမှုဆိုင်ရာလုပ်ငန်းများကို နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အားလုံးတွင် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


