နေပြည်တော် ၂၆ မေ
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ အတွင်းရေးမှူး(၂)၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် လှူဒါန်းမှုများအား လက်ခံသည်။
ရှေးဦးစွာ အလှူရှင်များကိုယ်စား နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်က လှူဒါန်းရသည့် အကြောင်းရင်းကို ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက လှူဒါန်းမှုများအတွက် ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံး မိသားစုနှင့် ကိုရီးယားသမ္မတနိုင်ငံရောက် မြန်မာနိုင်ငံသားများမှ လှူဒါန်းသည့် ငွေကျပ် (၃၈၄) သိန်း တန်ဖိုးရှိ HandMed Portable X-Ray machine နှင့် အလှူငွေကျပ် (၄၂ ဒသမ ၂၇) သိန်းကို လက်ခံခဲ့ပြီး ကျေးဇူးတင်ဂုဏ်ပြုလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
သတင်းစဉ်


