နေပြည်တော် ၂၆ မေ
ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နေကြသော စေတနာ့ဝန်ထမ်းများအတွက် စေတနာ့ဝန်ထမ်း လက်စွဲစာအုပ်များ၊ လက်သန့်ဆေးနှင့် Mask များကို ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းက ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနရှိ အမျိုးသားအဆင့်စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့ အတွင်းရေးမှူးရုံးသို့ လာရောက်လှူဒါန်းသည်။
ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း ဥက္ကဌ ဒေါ်မေယဉ်ထွန်းနှင့်အဖွဲ့က စေတနာ့ဝန်ထမ်းလက်စွဲစာအုပ် (၂,၀၀၀)၊ MASK (၅,၀၀၀)၊ လက်သန့်ဆေးရည် (၅)လီတာဘူး (၁၂၀)၊ (၅၀၀)မီလီလီတာဘူး (၁၀)ဘူးတို့ကို ပေးအပ်လှူဒါန်းရာ စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့၊ အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


