ပေါ့ဒ်ဂျိုရီကာ ၂၆ မေ
မွန်တီနီဂရိုးနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအားလုံး ပြန်လည်ကျန်းမာလာသည့်အတွက် ကိုရိုနာဗိုင်းရပ်စ် ကင်းစင်နိုင်ငံဖြစ်လာပြီဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး အင်စတီကျုက ယမန်နေ့က ကြေညာခဲ့သည်။
မွန်တီနီဂရိုးနိုင်ငံသည် ဥရောပအရှေ့တောင်ပိုင်းနိုင်ငံ များအနက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု နောက်ဆုံးတွေ့ရှိသောနိုင်ငံဖြစ်ခဲ့သည်။ သို့သော် ဗိုင်းရပ်စ်ကူးစက်ခံရသူများ စစ်ဆေးမတွေ့ရှိမီကတည်းက ဗိုင်းရပ်စ်ကာကွယ်ရေး လုပ်ငန်းစဉ်များကို ကြိုတင်ဆောင်ရွက်ထားရှိခဲ့သည်။
နိုင်ငံအတွင်း၌ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၃၂၄ ဦးရှိခဲ့ပြီး ၃၁၅ ဦးပြန်လည်ကျန်းမာလာကာ ကိုးဦး သေဆုံးခဲ့သည်။
နိုင်ငံအတွင်း ဗိုင်းရပ်စ်ကူးစက်မှုများ ထပ်မံမတွေ့ရှိ သည့်အတွက် ဗိုင်းရပ်စ်ကာကွယ်ရေးစည်းမျဉ်းများကို လိုက်နာကြသည့် ပြည်သူများနှင့် ဗိုင်းရပ်စ်ကာကွယ်ရေး အတွက် ဝိုင်းဝန်းကြိုးပမ်းပေးခဲ့သည့် အဖွဲ့အစည်းများအား မွန်တီနီဂရိုးဝန်ကြီးချုပ် ဒူစကို မက်ကိုဗစ်က ကျေးဇူးတင် စကားဆိုခဲ့သည်။
အကယ်၍ နိုင်ငံအတွင်း၌ ဗိုင်းရပ်စ်ကူးစက်ခံရသူများ အသစ်ထပ်မံတွေ့ရှိပါက လိုအပ်သော ဗိုင်းရပ်စ်ကာကွယ် ရေးဆိုင်ရာ ပစ္စည်းများနှင့် ဆေးဝါးထောက်ပံ့မှုများ လုံလောက်စွာရှိသည့်အတွက် စိုးရိမ်ပူပန်မှုမရှိကြရန် ဝန်ကြီးချုပ် မက်ကိုဗစ်က ပြည်သူများအား ပြောကြားသည်။
ကိုးကား - နယူးယောက်တိုင်းမ်
ဘာသာပြန် - အောင်ကျော်ကျော်