ထန်တလန် ၂၇  မေ

 

ချင်းပြည်နယ် ဟားခါးခရိုင်၊ ထန်တလန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မေလ ၂၇ ရက်က မြန်မာနိုင်ငံကြက်ခြေနီအသင်း ၊ ချင်းပြည်နယ် ကြက်ခြေနီတပ်ဖွဲ့မှ ပြည်သူများအား Mask (၃၀ဝ )အခမဲ့ဖြန့်ဝေခြင်းနှင့် ပိုစတာများ ကပ်ခြင်း လုပ်ငန်းဆောင်ရွက်ခဲ့သည်။

 

အဆိုပါ လုပ်ငန်းဆောင်ရွက်ရာတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ချင်းပြည်နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကျုံဟူးနှင့် တပ်ဖွဲ့ဝင်များ၊ ထန်တလန်မြို့နယ် ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းသည့် တပ်ဖွဲ့ဝင်များသည် ထန်တလန်မြို့နယ် ပြည်သူများအား Mask (၃၀ဝ) အခမဲ့လိုက်လံဖြန့်ဝေခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် သင်နှင့်သင့်မိသားစုအား ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ်မှ ကာကွယ်ပါ စသည့် အသိပညာပေး နှိုးဆော်ချက်ပိုစတာများကပ်ခြင်းနှင့် ထန်တလန်မြို့ အမှတ်( ၂) ရပ်ကွက်ရှိ Thantlang Association Baptist Church Center ၌ Facility Quarantine ဝင်ရောက်နေသူများအတွက် မိမိကစ၍ ကာကွယ်ပါ သတင်းစကား လက်ကမ်း စာစောင်များ ထားရှိပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

ယောန(ပြန်/ဆက်)