ရန်ကုန်  ၂၇  မေ 

 

ကိုဗစ်-၁၉ ရောဂါ တုံ့ပြန်ဆောင်ရွက်ရန်နှင့် အကူအညီပေးရေးလုပ်ငန်းစဉ်များအတွက် စေတနာ့ ဝန်ထမ်း ဆင့်ပွားသင်တန်းကို သာကေတမြို့နယ်ရှိ ဇမ္ဗု့ပညာစာကြည့်တိုက်တွင် ရန်ကုန်အရှေ့ပိုင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ယနေ့နံနက်(၉)နာရီမှ မွန်းတည့် (၁၂) နာရီထိ သင်တန်းပို့ချခဲ့သည်။

 

အဆိုပါသင်တန်းတွင် အကူအညီပေးအပ်သူနှင့် အကူအညီလက်ခံသူများအကြား ကျင့်ဝတ်များကို အပြန်အလှန် နားလည်သဘောပေါက်ပြီး စနစ်ကျသော ဝန်ဆောင်မှုများပေးနိုင်ရန် လူမှုရေးဆိုင်ရာများ၊ အကြမ်းဖက်ဆိုင်ရာများနှင့် စိတ်ဓာတ်မြှင့်တင်ရေးဆိုင်ရာများကို အကူအညီပေးအပ်နိုင်ရေးအတွက်  သင်တန်းသား/ သူ(၃၇)ဦးအား သင်ကြားပေးခဲ့ကြောင်း သိရသည်။

 

ကျော်ဟိန်း(ပြန်/ဆက်)