နေပြည်တော်  ၂၇  မေ

 

ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် ယနေ့နံနက် ၉  နာရီခွဲတွင် စင်ကာပူနိုင်ငံ၊ ဝန်ကြီးချုပ် ရုံးဝန်ကြီး၊ ပညာရေးနှင့်ဘဏ္ဍာရေး ဒုတိယမြောက်ဝန်ကြီး Ms. Indranee Rajah အား နေပြည်တော်ရှိ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Video Conferencing ဖြင့် တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စ၊ ကိုဗစ်-၁၉ ကာလ စီးပွား ရေးဆိုင်ရာ ဆောင်ရွက်မှု၊ မြန်မာနိုင်ငံမှ စိုက်ပျိုးရေးပို့ကုန်များ စင်ကာပူသို့ တင်ပို့နိုင်ရေး၊ အရည်အသွေး ပြည့်ဝသည့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စ၊ စင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ ပံ့ပိုးကူညီပေးမည့် စွမ်းဆောင်ရည် မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

 

သတင်းစဉ်