မန္တလေး ၂၇ မေ
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်အစိုးရ အထူးလုပ်ငန်းအဖွဲ့မှ လှူဒါန်းခဲ့သည့် ဆေးဘက်ဆိုင်ရာ အထောက်အကူပြု ဓာတ်ခွဲခန်းသုံး စက်ကိရိယာများ၊ စစ်ဆေးရေးဓာတ်ကူပစ္စည်းများကို လက်တွေ့သုံးစွဲပြီး COVID-19 စမ်းသပ်စစ်ဆေးရေး စွမ်းရည်ဆိုင်ရာ လေ့ကျင့်သင်တန်းကို တက်ရောက်ခဲ့ကြသည့် သင်တန်းသား၊ သင်တန်းသူ (၂၂)ဦးတို့အား ဂုဏ်ပြုပွဲနှင့် ပြည့်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး)တွင် ဓာတ်ခွဲခန်းတည်ဆောက်ခြင်းနှင့် ဓာတ်ခွဲကျွမ်းကျင်မှုဆိုင်ရာ သင်တန်းပို့ချပေးခဲ့သည့် ယူနန်ပြည်နယ်အစိုးရ၊ အထူးလုပ်ငန်းအဖွဲ့အား နှုတ်ဆက်ဂုဏ်ပြုပွဲကို မေလ(၂၇)ရက်နေ့ ညနေပိုင်းက မန္တလေးမြို့ရှိ Pullman Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
#မန္တလေးသတင်းဌာနခွဲ
#MRTV