စလင်း ၂၈ မေ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် မေ ၂၇ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်မှ ၅ နာရီ ၁၅ မိနစ်အချိန်ထိ လေပြင်းတိုက်ခိုက်၍ လူနေအိမ် (၂) လုံး၊ ဓမ္မာရုံ (၁)လုံးနှင့် ဆိုင်ကယ် (၁)စီးတို့ပျက်စီး ဆုံးရှုံးခဲ့သည်။
အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် ဖောင်းလင်းကျေးရွာအုပ်စု၊ နတ်စင်စုကျေးရွာရှိ ဦးရဲဇော်ထွန်း အသက်(၂၇)နှစ်၊ (ဘ) ဦးသောင်းမြင့် ပိုင်နေအိမ်(၃ ၃)ပင်၊ ထရံကာ၊ သွပ်မိုး၊ ဝါးကြမ်းခင်းမှာ လုံးပတ်(၄)ပေခန့်၊ အမြင့်(၅၀)ပေခန့်ရှိ မန်ကျီးပင်လဲကျကာ နေအိမ်ခေါင်းရင်းဘက်ခြမ်းပျက်စီးခဲ့ကာ ဆင်ဖြူကျွန်းမြို့၊ပြန့်လွင့်ရပ်၊ နေရှင်နယ်လမ်းနေ ဦးမြင့် ပိုင်ဆိုင်သော(၄-၃)ပင်၊ သွပ်မိုး၊ နံကပ်အုတ်ကာ၊ ပျဉ်ခင်းမှာ လုံးပတ်(၆)ပေခန့်၊ အမြင့်(၄၀)ပေခန့်ရှိ စိန်ပန်းပင်လဲကျကာ နေအိမ်ရှေ့အဖီရှိသွပ်မိုးများနှင့် ဆိုင်ကယ်(၁)စီးတို့ သစ်ပင်ပိကာပျက်စီးခဲ့ပြီး အောက်လှိုင်းကျေးရွာအုပ်စု၊ ခြင်တောင်ကျေးရွာရှိ RC(၁)ထပ်၊ သွပ်မိုး၊ ဓမ္မာရုံ၏ ရှေ့ပိုင်းတစ်ဝက် အမိုးလန်ပျက်စီးခဲ့ရာ လူနှင့် တိရစ္ဆာန်များ ထိခိုက်ပျက်စီးဆုံးရှုံးမှု မရှိကြောင်း သိရှိရသည်။
မောင်လွင်(ပြန်/ဆက်)


