တီးတိန်  ၂၈  မေ   

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ချင်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ဦးဆောင်ကြီးကြပ်မှုဖြင့် တီးတိန်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန Green House ၌ ပိုးစာပင်များ ပျိုးထောင် စိုက်ပျိုးလျက်ရှိ​ကြောင်း သိရသည်။

 

ထိုသို့ပျိုးထောင်ရာတွင် ပိုးမွေးမြူ တောင်သူများ၏ တင်ပြချက်အရ ပိုးမွေးမြူရေး တိုးချဲ့ရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်မှာကြားချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်၌ မျိုးစေ့ (၃) ကီလိုဂရမ်ကို (၈၇ ပေ×၃ ပေ)ပျိုး​ဘောင် (၆)ခု တွင် ဧပြီ  ၂၉ ရက်နေ့က စတင်ပျိုးထောင်ခဲ့ကြောင်း၊ ပိုးစာပျိုးပင်များကို  ၂၀၂၀ ပြည့်နှစ်တွင် တောင်သူများထံ အခမဲ့ဖြန့်ဝေပေးသွားရန် စီစဉ်လျက်ရှိကြောင်း၊ တီးတိန်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဗန်ဒို့ထန်ထံမှ သိရသည်။

ပေါင်ကျင့်မုန်(ပြန်/ဆက်)