ပခုက္ကူ  ၂၈  မေ

 

ပြည်ပနိုင်ငံများသို့ ဈေးကွက်ထိုးဖောက်လာနိုင်ခြင်းကြောင့် ပခုက္ကူမြို့နယ်တွင် ဒန့်သလွန် စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

ဒန့်သလွန်စိုက်ခင်းကို ၂၀၁၈ ခုနှစ်မစတင်၍ တစ်ဧကလျှင် အပင်(၄၀၀)ခန့်စီဖြင့်  ခြောက်ဧကကို ခြောက်ပေ၊ ကိုးပေနှင့် ၅ ဧကကို ၁၂ ပေ ပတ်လည်ဖြင့် စိုက်ခင်း(၁၁)ဧက စိုက်ထားပြီး ဆက်လက်၍ ဧက(၂၀)ကျော်စိုက်ရန် စီစဉ်ထားကြောင်း၊ ဆိုလာစနစ်ဖြင့် ရေမောင်းပြီး ရေအစက်ချစနစ်ဖြင့် စိုက်ပျိုးထားကြောင်း၊ ထွက်ရှိလာသည့် အသီးများကို ရန်ကုန်သီရိမင်္ဂလာဈေး၊ မန္တလေးနှင့် နေပြည်တော်သို့ တင်ပို့ ရောင်းချလျက်ရှိပြီး အခြောက်တောင့်နှင့်အရွက်များကို ဂျပန်၊ တရုတ်နိုင်ငံသို့လည်းကောင်း ဒန့်သလွန်အရွက်မှုန့်ကို ဂျပန်နိုင်ငံက တစ်နှစ်ကို တန် ၅၀၀ ဖြင့် လာရောက် ကမ်းလှမ်းလျက်ရှိသော်လည်း စိုက်ဧကပမာဏ နည်းပါးခြင်းတို့ကြောင့် တစ်နှစ်ကို တန် ၅၀ ပို့နိုင်ရန် စံနမူနာအဖြစ် ပို့ထားဆဲဖြစ်ကြောင်း၊ ဒန့်သလွန်စေ့အဆီနှင့်အရွက်များကို ထုတ်ကုန်အဖြစ် ထုတ်လုပ်ပြီး နိုင်ငံတကာပြပွဲများတွင် ပြသခြင်း၊ မူဆယ်မြို့၊ တရုတ်-မြန်မာချစ်ကြည်ရေးတွင် ပြသခြင်း၊ နံနင်းကုန်စည်ပြပွဲ တရုတ်-မြန်မာကုန်စည်ပြပွဲ၊ ဗီယက်နမ် ကုန်စည်ပြပွဲတို့တွင်ပြသပြီး အရောင်းအဝယ်ဖြစ်ထွန်းခဲ့ကြောင်း ညောင်ပင်ကျေးရွာရှိ ဒန့်သလွန် စိုက်ပျိုးသူ ဦးမြင့်ကိုက ပြောသည်။

 

ဆလိုင်းကိုကီး (M.A)