ရေး ၂၈ မေ
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ် ကမ်းဝေးငါးဖမ်းလုပ်ငန်းများ ငါးသယံဇာတထိန်းသိမ်းရေး ရာသီပိတ်ကာလအတွင်း စည်းကမ်းဖောက်ဖျက်သည့် ကမ်းဝေးငါးဖမ်း၊ ငါးသယ်ရေယာဉ်များအား VMS စနစ်ဖြင့် အရေးယူဆောင်ရွက်မည့်လုပ်ငန်းစဉ်များ အသိပေးရှင်းလင်းခြင်းကို ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ယမန်နေ့နံနက် ၁၀ နာရီက ရေးမြို့နယ်၊ အစင်ကျေးရွာ၊ အုပ်ချုပ် ရေးမှူးရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယပြည်နယ်မှူး ဦးစိုးမင်းက VMS တပ်ဆင် အသုံး ပြုခြင်းအကြောင်းကို ရှင်းလင်းပြောကြားပြီး မြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးဝင်းကိုကိုဦးက ကမ်းဝေးငါးဖမ်းလုပ်ငန်းများ၊ ငါးသယံဇာတထိန်းသိမ်းရေး ရာသီပိတ်ကာလတွင် VMS တပ်ဆင်ထားရှိမှုဆိုင်ရာ စည်းကမ်းချက်များနှင့် လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများအား ပြောကြားသည်။ ဆက်လက်ပြီး တက်ရောက်လာကြသည့် မြို့နယ်ငါးလုပ်ငန်းအဖွဲ့ဝင်များ၏ တင်ပြချက်များကို ပြန်လည်ဆွေးနွေးခဲ့ကြသည်။
ရေးမြို့နယ်တွင် ကမ်းဝေးငါးဖမ်းလအစီး(၁၉၀)ကျော် လုပ်ငန်း ကမ်းဝေးငါးဖမ်းလုပ်ငန်းများ ငါးသယံဇာတထိန်းသိမ်းရေး ရာသီပိတ်ကာလ ဇွန်၊ ဇူလိုင်၊ ဩဂုတ်လများအတွင်း ကမ်းဝေးငါးဖမ်း၊ ငါးသယ်ဆောင်ခြင်းလုပ်ငန်းများကို ပိတ်သိမ်းထားမည်ဖြစ်ပြီး ကမ်းနီးငါးဖမ်းလှေ ခွင့်ပြုပြင်ဆင်ချက်အသစ်ကို ငါးဖမ်းလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ကြရန်နှင့် ဇွန် ၁ ရက်နေ့မှ စတင်ပြီး VMS စနစ်ကို အသုံးပြု၍ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


