ဝမ်းတွင်း ၂၈ မေ
ဝမ်းတွင်းမြို့နယ် ဝမ်းသာကျေးရွာအနီး ရန်ကုန်-မန္တလေးကားလမ်းတွင် မေ ၂၈ ရက်နေ့ နံနက် ဝ၀ နာရီ ၂၀ မိနစ်အချိန်က ကားပျက်၍ ရပ်နားပြုပြင်နေသည့် မော်တော်ယာဉ်အား နောက်မှ မော်တော်ယာဉ်က ဝင်ရောက်တိုက်မိ၍ တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။
ဖြစ်စဉ်မှာ မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ် ဝမ်းသာကျေးရွာအနီး ရန်ကုန်-မန္တလေးကားလမ်းမကြီး မိုင်တိုင်အမှတ် (၃၂၁/၂)တွင် မန္တလေးမှ မကွေးသို့ ယာဉ်မောင်း ကိုဇော်ဝင်းနိုင် မောင်းနှင်ပြီး ယာဉ်နောက်လိုက် ကိုကျော်ရဲနိုင် လိုက်ပါလာသော (၆)ဘီး အဖြူရောင်ကုန်တင်ယာဉ်သည် လမ်းဘေးတွင် ကားပျက်၍ ရပ်နားပြုပြင်နေသည့် ယာဉ်မောင်း ကိုဘိုလင်း မောင်းနှင်သည့် (၁၀) ဘီး အရက်ဆီတင်ယာဉ်၏ နောက်ဘယ်ဘက်ခြမ်းအား ဝင်ရောက်တိုက်မိခဲ့သဖြင့် ခရိုင်မီးသတ်ဦးစီးမှူ ဦးကျော်ဆန်းနှင့် သန္ဓေတပ်ဖွဲ့ဝင်များက သွားရောက်ကူညီဆောင်ရွက်ခဲ့သည်။
အဆိုပါဖြစ်စဉ်ကြောင့် (၆)ဘီး အဖြူရောင်ကုန်တင်ယာဉ်မောင်းနှင်သူ ကိုဇော်ဝင်းနိုင်တွင် ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာတွင် သေဆုံးပြီး ယာဉ်နောက်လိုက် ကိုကျော်ရဲအောင် နှင့် (၁၀) ဘီး မောင်းနှင်သူ ကိုဘိုလင်းတို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်း ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ဆန်းထံမှ သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)