ခန္တီး      ၂၈   မေ

 

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင် အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့၏ အစီအစဉ်ဖြင့် TOT သင်တန်းဆင်း စေတနာ့ဝန်ထမ်းဆရာဝန်များက စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်းများကို ယနေ့နံနက် ၁၀ နာရီမှ ညနေ ၄ နာရီထိ Online စနစ်ဖြင့် စေတနာ့ဝန်ထမ်း ဆင့်ပွားသင်တန်းကို ခန္တီးမြို့ခရိုင်အထွေထွေအစည်းအဝေးခန်းမ၌ ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။

 

သင်တန်းကို ခန္တီးမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးသိန်းဇော်ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ရေးရာကိုယ်စားလှယ် ဦးတေဇာထွန်း၊ ကျန်းမာရေးဦးစီးမှူး ဒေါ်ဆွီးနွာမ်နှင့်လူမှုဝန်ထမ်းဦးစီးမှူး ဒေါ်ပန်းစုကြည်တို့ တက်ရောက်မည်ဖြစ်ကာ အဆိုပါ သင်တန်းပြီးပါက ခန္တီးမြို့နယ်ရှိ စေတနာ့ဝန်ထမ်းများကို ဆက်လက် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

 

စနေမောင်(ခန္တီး)