ဇလွန် ၂၈ မေ
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် မိုးရွာသွန်းပြီးလေပြင်း တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရူံးခဲ့သည့် လေဘေးသင့်အိမ်ထောင်စုဝင်များအား ဟင်္သာတခရိုင်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ယနေ့မွန်းလွဲ ၁ နာရီအချိန်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန တွင်ထောင်ပံ့ ပေးအပ်ခဲ့သည်။
ထောက်ပံ့ပေးအပ်ရာတွင် ဇလွန်မြို့နယ်အတွင်း မေလ ၂၇ ရက်နေ့တွင် လေဘေးသင့်ခဲ့သော သာဓုချောင်းကျေးရွာအုပ်စု၊ သာဓုချောင်းကျေးရွာမှ လေဘေးသင့်အိမ်ခြေ နှစ်လုံးအားအိမ်ဆောက် ပစ္စည်းထောက်ပံ့ငွေနှင့် ဆန်ရိက္ခာ တစ်ပတ်စာအတွက် ထောက်ပံ့ငွေတို့အား ထောက်ပံ့ပေးအပ်ခဲ့သည်။
ဝေယံ-ဇလွန်(ပြန်/ဆက်)


