မုံရွာ ၂၈   မေ

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း  ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူ ၁၆၃၉၂ ဦးရှိ ကြောင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ စာရင်းများ အရသိရှိရသည်။

 

ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများအနေဖြင့်  မေလ ၂၇ ရက်နေ့အထိ စာရင်း များအရ စစ်ကိုင်းတွင် ၇၈၂ ဦး၊ မုံရွာတွင် ၂၁၇၇ ဦး၊ ယင်းမာပင် ၃၆၉၀၊ ရွှေဘိုတွင် ၄၆၆၅ ဦး၊ ကန့်ဘလူတွင် ၁၀၃၉ ဦး၊ ကသာတွင် ၂၃၃၁ ဦး၊ ကလေးတွင် ၁၂၄၈ ဦး၊ မော်လိုက်တွင် ၁၂၄ ဦး၊ တမူးတွင် ၁၉၈ ဦး၊ ခန္တီးတွင် ၁၃၈ ဦး စုစုပေါင်း ၁၆၃၉၂ ဦး တို့ဖြစ်ပါကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီး ဦးမိုးကျော်သူထံမှ သိရသည်။

 

ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရသူများအနေဖြင့် စစ်ကိုင်းမြို့တွင် တစ်ဦး၊ သံသယ လူနာ ၇၆  ဦးရှိပါကြောင်း၊ ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများ အနေဖြင့် အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံများမှ အများဆုံးဖြစ်ကြောင်း သိရှိရသည်။

 

မွှေးကြူဇင်