ရန်ကုန် ၂၈ မေ
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မရမ်းကုန်းမြို့နယ်အခြေပြု “ရွှေရောင်သမိုင်း” အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြု ဖွံ့ဖြိုးရေးအသင်းသို့ PPE ဝတ်စုံ ၁၀ စုံကို မရမ်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ယနေ့ နံနက်ပိုင်းက ပေးအပ်ခဲ့သည်။
PPE ဝတ်စုံပေးအပ်ရာ၌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်း၊ မရမ်းကုန်းမြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းချစ်တို့ တက်ရောက်၍ လမ်းညွှန်အားပေးစကားများ ပြောကြားခဲ့ကြသည်။
မျိုးမင်းသိန်း(မရမ်းကုန်း)