ပင်လောင်း ၂၈ မေ
ဘိန်းစိုက်ပျိုးမှုပပျောက်ရေး အစားထိုးသီးနှံမျိုးစေ့နှင့် ပျိုးပင်များပေးအပ်ခြင်း အခမ်းအနားကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနခန်းမတွင် မေ ၂၈ ရက် နံနက် ၁၀ နာရီက ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းထက်နိုင်မြင့်က အမှာစကားပြောကြားပြီး အမှတ်(၂၆) မူးယစ်တပ်ဖွဲ့စု တပ်ဖွဲ့စုမှူး ရဲမှူးကိုကိုနိုင်က ဘိန်းစိုက်ပျိုးမှုပပျောက်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အကြောင်းများကိုလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်နိုင်က အစားထိုးသီးနှံမျိုးစေ့နှင့် ပျိုးပင်များပေးအပ်ရသည့် ရည်ရွယ်ချက်များကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ကြသည်။
ယင်းနောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိဌာနဆိုင်ရာများက ကျေးရွာအုပ်စု (၅)အုပ်စုကို (နယူးဧရာ)စပါးမျိုးစေ့ (၄၀၀)ကီလို၊ နေကြာမျိုးစေ့ (၁၅၀)ကီလိုနှင့် ထောပတ်ပျိုးပင် (၂၀၀၀)အား တက်ရောက်တောင်သူ (၂၉)ဦးထံသို့ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


