မကွေး   ၂၈   မေ     

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ရေနံချောင်းမြို့နယ်၊ မြို့သစ်မြို့နယ်၊ နတ်မောက်မြို့နယ်၊ ချောက်မြို့နယ်၊ မင်းဘူးမြို့နယ်နှင့် စလင်းမြို့နယ်တို့ရှိ ကျေးရွာပေါင်း (၃၀)တို့တွင် မေ ၂၇ ရက် ညနေပိုင်းက လေပြင်းတိုက်ခိုက်ကာ မိုးရွာသွန်းခဲ့မှုကြောင့် ပြိုကျပျက်စီးလူနေအိမ် (၁၂)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီး လူနေအိမ် (၁၃၁)လုံး၊ ဘာသာရေးအဆောက်အဦး (၅)လုံးတို့ ပျက်စီးခဲ့ပြီး ဘေးသင့်လူဦးရေပေါင်း (၃၈၉)ဦး လေဘေးသင့်ခဲ့ကြောင်း သိရသည်။ 

အဆိုပါ လေဘေးသင့်ကျေးရွာများသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများသည် မေ ၂၈ ရက် နံနက်ပိုင်းက သွားရောက်၍ အိမ်ဆောက်ပစ္စည်းဖိုး ကျပ် ၆၇၄၅၀ဝဝ၊ ဆန်ဖိုးငွေ ကျပ် ၈၁၆၉၀ဝ စုစုပေါင်း ကျပ် ၇၅၆၁၉၀ဝ နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ အိမ်ထောင်စု (၁၂)စုစာတို့ကို ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ခဲ့ကြောင်း သိရသည်။

သန်းနိုင်ဦး(ငဖဲ)