နေပြည်တော် ၂၈ မေ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်ရှိ ငှက်ချောင်း(၁)နှင့် ငှက်ချောင်း(၂) IDP စခန်းတို့တွင် ဆပ်ပြာ(၁,၆၂၆)တောင့်၊ Surgical Mask (၃၂၅၂)ခု၊ Hand Speaker (၁)လုံး၊ အပူချိန်တိုင်းကိရိယာ (၂)ခု၊ ကိုဗစ်-၁၉ အသိပညာပေး အသံဖိုင်ထည့်သွင်းထားသော Memory Stick (၁)ခု၊ အဝတ် Mask (၁၈,၅၉၀)နှင့် ဗီနိုင်း(၂)ချပ်တို့ကို သွားရောက်ထောက်ပံ့ခဲ့ပြီး ရသေ့တောင်မြို့နယ်ရှိ ပေါက်ပင်ရင်း၊ ပိန်းတော၊ ကုန်တန်း၊ ခွဆုံ၊ အောက်ကျောင်းတောင်နှင့် ဘူးသီးတောင်မြို့နယ်ရှိ သေကံခွဆုံ၊ စက်ခေါ်ရွာ၊ သိန်းတန်၊ ဝရကျွန်းရွာ၊ ဆေးအိုးကျရွာနှင့် သံခြေ ယာယီတိုက်ပွဲရှောင် စခန်းတို့တွင် Surgical Mask (၆၂၈)ခု၊ အဝတ် Mask (၄၉၆၆)ခု၊ အပူချိန်တိုင်းကိရိယာ (၁၁)ခု၊ လက်သန့်ဆေးရည်(၃၁၂)ဗူး၊ Hand Speaker (၁၃)ခု၊ ကိုဗစ်-၁၉ အသိပညာပေး အသံဖိုင်ထည့်သွင်းထားသော Memory Stick (၁၃)ခု၊ ဗီနိုင်း (၁၃)ခု၊ ထုံး(၁၉)အိတ်နှင့် လက်ဆေးစင်(၅)ခုတို့အား သွားရောက်ထောက်ပံ့ခဲ့သည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးနှင့်ပတ်သက်၍ ထောက်ပံ့မှုလုပ်ငန်းများအပြင်  အသိပညာပေးလုပ်ငန်းများ၊ အသိပေးနှိုးဆော်ခြင်း လုပ်ငန်းများနှင့်   စိတ်ဓါတ်ရေးရာ မြှင့်တင်ပေးမှုဆိုင်ရာလုပ်ငန်းများကို နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် အားလုံးတွင် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

သတင်းစဉ်