၂၈   မေ

ဗြိတိန်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် သေဆုံးနှုန်း အများဆုံးဖြစ်ကြောင်း ကြာသပတေးနေ့က ထုတ်ဝေလိုက်တဲ့ Financial Times ရဲ့ သုတေသနစာတမ်းမှာဖော်ပြထားပါတယ်။ 
 
Financial Times က နိုင်ငံ ၁၉ နိုင်ငံရဲ့ သေဆုံးနှုန်းကို သုတေသနပြုလုပ်ရာ ဗြိတိန်နိုင်ငံမှာ လူဦးရေ ၁ သန်းကို ၈၉၁ ဦး ဗိုင်းရပ်စ်ရောဂါပိုးကြောင့် သေဆုံးကြောင်း တွေ့ရှိရတဲ့အတွက် ဗြိတိန်ဟာ သေဆုံးနှုန်း အမြင့်ဆုံးလို့ ပြောရကြောင်း သိရပါတယ်။ 

 

‌ေ

 

ဗြိတိန်နိုင်ငံဟာ ဉရောပမှာလည်း ကပ်ရောဂါကြောင့် သေဆုံးသူ အများဆုံးနိုင်ငံဖြစ်ရာ သေဆုံးသူ ၄၆,ဝ၀ဝ ဦးကျော်ရှိကြောင်း သိရပါတယ်။ AFP သတင်းဌာနရဲ့ ကြာသပတေးနေ့ ထုတ်ပြန်ချက်အရ ဉရောပတိုက်အတွင်းမှာ သေဆုံးသူ ၁၇၅,ဝ၀ဝ ဉီးရှိရာ တစ်ခြားတိုက်တွေထက် ကပ်ရောဂါပိုး ဒဏ်ခံစားရတဲ့တိုက်ဖြစ်ကြောင်း သိရပါတယ်။ 

အီတလီနိုင်ငံမှာ သေဆုံးသူ ၃၃,ဝ၇၂ ဦးရှိပြီး ပြင်သစ်မှာ ၂၈,၅၉၆ဦး နဲ့ စပိန်နိုင်ငံမှာ ၂၇,၁၁၈ ဦးရှိကြောင်း သိရပါတယ်။ 

အမေရိကန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၁၀ဝ,ဝ၀ဝ ကျော်ရှိခဲ့ရာ ကမ္ဘာတစ်ဝန်းမှာ ကပ်ရောဂါကြောင့် သေဆုံးသူ ၃၅၅,ဝ၀ဝ ဦး ကျော်ရှိသွားကြောင်း သိရပါတယ်။ 

 

‌ေ

 

တစ်ခြားနိုင်ငံတွေမှာ ကပ်ရောဂါကြောင့် သေဆုံးသူတွေ များပြားပေမယ့် နိုင်ငံလူဦးရေနဲ့ သေဆုံးသူစာရင်းကို အချိုးချလိုက်မယ်ဆိုရင် ဗြိတိန်နိုင်ငံဟာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ အများဆုံးနိုင်ငံဖြစ်တယ်လို့ သုတေသနစာတမ်းမှာ ဖော်ပြထားပါတယ်။ 

MDN
ကိုးကား - AFP